ချမ်း မြေ့ ပါ စေ...

Thursday, 20 September 2012

သတိထားစရာ များသူငါ


သတိထားစရာ များသူငါ....
---------------------------
အသက်တွေ ကြီးလာပြီ
လောဘ ဒေါသ မောဟတွေ ကြီးနေကြတုန်းပဲလား ?

သွားတွေ ကျိုးနေပြီ၊
မာန်စွယ်တွေ မကျိုးကြသေးဘူးလား ?

အရေတွေ တွန့်နေပြီ၊
မကောင်းမှု အကုသိုလ်လုပ်ရပ်တွေ မတွန့်ကြသေးဘူးလား ?

(အသားတွေ လျော့နေပြီ၊
တဏှာ မာန ဆန္ဒတွေ မလျော့ကြသေးဘူးလား ?
***ဤအပိုဒ်ကတော့ မူရင်း ဟုတ် မဟုတ် မသေချာပါ။)

ဆံပင်တွေ ဖြူနေပြီ၊
စိတ်ထားတွေ မဖြူကြသေးဘူးလား ?

မျက်စိတွေ မှုန်ဝါးနေပြီ၊
နိဗ္ဗာန်သွားမယ့် လမ်း မှုန်ဝါးနေကြတုန်းပဲလား ?

ရေးသားခဲ့သူကို အတိအကျ မသိရပါ၊
ဓမ္မစကားလေး ကောင်းလှသဖြင့် ထပ်ဆင့် ဖြန့်လိုက်ပါသည်။

No comments:

Post a Comment